ဒီနေ့အတော်ထူးဆန်းပါလားတွေးနေမိတယ်။ဘာဖြစ်လို့
လည်းဆိုတော့ ကျွန်တော်သွားခဲ့တဲ့နေရာတိုင်းပန်းမျိုးစုံ
တို့ရနံ မွှေးပျံ့ နေတယ်။ပတ်ဝန်ကျင်တခုလုံး ပန်းတွေက အရောင်မျိုးစုံနဲ့ဖူးပွင်နေတယ်။ဒီလိုသာယာတဲ့နေရာ
ကို တစ်ခါမှမရောက်ဖူးဘူး။ရေတံခွန်လေးတွေနဲ့ မြက်ခင်းလေးတွေကလည်းစိမ်းစိုနေတာတကယ်ကိုလှတာဗျာ။
တစ်နေရာရောက်တော့ ဆိုင်းဘုတ် တစ်ခု ချိတ်ဆွဲထားတယ် ။ဘယ်နေရာမှာလည်းဆိုတော့ ကောင်မလေးတစ်
ယောက်ရဲ့လက်မှာ ။အဲဒီကောင်မလေးက နတ်သမီးရုပ်ထုလေးပါ။သူမကအမြဲပြုံးနေ၏။ကျွန်တော်ကိုကြည့်နေ
သလိုရှိ၏။ကျွန်တော်စာကိုဖတ်ကြည့်တော့ ရနံ့ချစ်သူတဲ့။အဲဒီနေရာကိုဖြတ်ပြီး လာတော့လမ်းမှာမြင်ခဲ့ရတဲ့
ပန်းတွေထက် ပိုလှတယ် ပို မွှေးတဲ့နေရာကိုရောက်ခဲ့တယ်။ ရုတ်တရက် သစ်ရွက်ကြွေသံလို လို၊လေတိုက်တာ
လိုလို နားထဲမှာအသံ တစ်သံကြားလိုက်ရတယ်။ ဘေးပတ်ဝန်းကျင်ကိုကြည့်တော့ ဘယ်သူမှမရှိဘူး။ရှေ့ကိုဆက်
လျှောက်လာခဲ့တယ်။ကျွန်တော်ကောင်မလေးတစ်ယောက်ကိုမြင်လိုက်တယ် ။အဲဒီအချိန်မှာ အသက်ရူတောင်
ရပ်သွားတယ်ထင်မိတယ်။ရနံ့လေးကမွှေးနေလိုက်တာဗျာ။ကောင်မလေးက လက်ထဲမှာဘူးလေးတစ်ဗူးကို
ကိုင်ပြီးကျွန်တော်နားကိုလာနေ၏။အနားရောက်တော့ ကျွန်တော်ကို သူမကနှုတ်ဆက်၏။ကျွန်တော်လည်းပြန်
နှုတ်ဆက်လိုက်၏။ကျွန်တော်စိတ်ထဲမှာ ထင်မိ၏။သူမသည်လူမဟုတ်။နတ်သမီးလေးတစ်ယောက်ဖြစ်လိမ့်မည်
ဟုတင်မိ၏။အဲဒါကြောင့် မင်္ဂလာပါ နတ်သမီး ဟုနှုတ်ဆက်လိုက်၏။သူမသည် ကျွန်တော်ကိုပြုံးပြ၏။ပြီးနောက်
စကားတွေလာပြော၏။သူဘာတွေပြောပြော ကျွန်တော်ဘာမှမသိတော့။ကျွန်တော်သူမသယ်ဆောင်လာသော
ရနံ့လေးကို လေထဲမှတဆင့်ရှုရှိုက်ရင်း သူမကို ချစ်မိနေ၏။ပါစပ်မှ ချစ်တယ်ဟုသာရေရွက်နေမိတော့၏။
ကျွန်တော်ရဲရဲသာ ဖွင့်ပြောလိုက်၏။ကျွန်တော် နတ်သမီးကိုချစ်တယ်ဟု။နတ်သမီးကတယ်ငြိမ်စွာပြုံးပြီး စကား
တခွန်းပြော၏။ သူလည်းကျွန်တော်ကို ချစ်တယ်ဟု။သို့သော် သူမသည် ဒီနေရာလေး၏ နတ်သမီးဖြစ်သော
ကြောင့် ဒီဥယျာဉ်လေးမှာဘဲ နေရမည်ဟုပြော၏။ကျွန်တော်ကသူမကို ပိုင်ဆိုင်ချင်တယ်ဟု ပြောသောအခါ
သူမက ပိုင်ဆိုင်လို့ရတယ်ဟုပြော၏။ပြီးနောက် သူမ၏လက်ထဲမှ ကိုင်ဆောင်လာသော ဗူးလေးကိုပေး၏။
အဲဒီထဲမှာသူရဲ့ ရနံ့တွေရှိနေကြောင်။ဗူးလေးကိုဖွင့်သောအခါ သူနဲ့အမြဲတွေရမည်ဟုပြော၏။သူမ၏ဗူးလေးမှ
ရနံ့ကို ဆွတ်ဖြန်းသောအခါ ကျွန်တော်၏ကိုယ်မှာ မွှေးပျံ့နေသော ရနံ့မှားသည် သူမ၏အချစ်များဖြစ်ကြောင်း
ပြော၏။သူမကိုချစ်တဲ့ အတွက် ကျေးဇူးတင်ကြောင်းပြော၏။ပြီးနောက် သူမ သယ်ဆောင်လာသော ရနံ့ကို
ကျွန်တော်၏ ကိုမှာအမြဲ ဆွတ်ရန်ပြောပြီ ကျွန်တော်ကိုနှုတ်ဆက်စကားပြော၏။သူမနေသော ရုတ်ထုဆီပြန်
တော့မည်ဟုပြော၏။ရုတ်တရက် လေတိုက်သံတစ်သံကြားရ၏။ပတ်ဝန်းကျင်ကို ကြည့်တော့ သူမ မရှိတော့။
ပန်းကလေးတွေကတော့ ကျွန်တော်ကိုကျီစယ်ပြုံးနေကြ၏။ကျွန်တော် သူမကိုရှာရင်မျက်လုံးသို့အလင်းရောင်
တစ်စုံတရာ စူးရှစွာ ၀င်ရောက်လာ၏။မျက်လုံးကို ဖွင့်ကြည့်သောအခါ အိပ်ရာကနိုးလာ၏။အမှန်တကယ်
ကျွန်တော် အိပ်မက်မက်နေခြင်းသာဖြစ်၏။ကြည့်လိုက်တော့ကျွန်တော့ဘေးမှာ သူမပေးသော ဗူးလေးကိုတွေ့
ရ၏။ပြန်စဉ်းစားကြည့်တော့ ကျွန်တော့်ကို ကောင်မလေးတစ်ယောက်လက်ဆောင်ပေးခဲ့သော သူမ၏ ကိုပွါး
ရေမွှေးဗူးလေးသာဖြစ်၏။သူမ၏ ရေမွှေးကို ဖြန်းလိုက်သော အခါ ကျွန်တော်၏ကိုယ်တွင် ရနံ့များမွှေးနေ၏။
သူမသည် ကျွန်တော်၏ဘေးတွင်ထာဝစဉ် ရှိနေသည်ဟု ခံစားရ၏။သူမသည် ကျွန်တော်၏ ရနံ့နတ်သမီးလေးသာဖြစ်၏။“ဟဲဟဲ”။
sunday

No comments:
Post a Comment