မိုးရွာတာကိုကြိုက်တဲ့ကောင်လေးချစ်သူ
ကောင်မလေးကကျောင်းကပြန်တိုင်းမိုးရွာ ရင်ထီးပါပါလျှက်ထီးမဆောင်းဘဲလမ်းလျှောက်တတ်လို့
သူပါထီးမဆောင်းဖြစ်ဘူးတဲ့။
သူတို့နှစ်ယောက်ကကောင်ကင်ကြီးကို
ကြည့်ပြီးမိုးမင်းကြီးကိုကလေးများလိုအော်ပြောလိုက်သေးတယ်"ကောင်လေးက -မိုးမင်းကြီးရေ ဖွဲဖွဲလေးရွာပေးပါ။
ကျွန်တော်ချစ်သူကမိုးရွာတာကိုကြိုက်တယ်။မိုးမင်းကြီးမရွာရင်ကျွန်တော်ချစ်သူစိတ်ဆိုးလိမ့်မယ်နော်။ ကောင်မလေးက-မိုးမင်းကြီးရေနေ့တိုင်းရွာပေးပါတမိုးရွာမှချစ်သူနဲ့မိုးရွာထဲ လမ်းလျှောက်ရမှာ"ပါစပ်ထဲရှိရာ အော်တတ်၏။ကျောင်းဖွင့်ချိန်သည် -မိုးဦးကာလဖြစ်သောကြောင့်မိုးဖွဲလေးများရွာနေ၏။ လေပြေအေးတို့ကလဲ မိုးနဲ့အတူ တိုက်ခတ်နေ၏။ ပတ်ဝန်းကျင်တစ်ခုမြင်ကွင်းတဆုံးမှာ စိမ်းစိုနေ၏။ မိုးဖွဲကြားမှာ ထီးမဆောင်းဘဲ လမ်းလျှောက်နေသောလူငယ်ကောင်လေးနဲ့ကောင်မလေး ။မိုးရွာထဲမှာလမ်းလျောက်နေရတာကိုပျော်နေမိ၏။ ကောင်လေးကကောင်မလေး ကိုပြောနေ၏-
" ယု ပြန်ကျအောင်နော်။မနက်ဖြန်ကျောင်းဖွင်တယ်။မိုမိပြီးဖျားနေလိမ့်မယ်။အင်ပြန်မယ်လေ -မောင်"
"မောင်တို့ထီးဆောင်းရအောင်နော် ။ယုချမ်းနေပြီလား မောင်အင်္ကျီဝတ်ထားလေ။အိမ်ရောက်ရင်ဆေးသောက်
နော်--အင်ပါမောင်ရယ် -ယုသိပါတယ်-စိတ်ပူရတာပေါ ယုရယ် မောင့်မှာယုကလွဲပြီးချစ်ရမယ့်သူမရှိဘူးယုရ။
ပိုပြီ-တကယ်ယု ။မောင်မလိမ်ပါဘူကွာ။ ဟုတ်ပါပြီ။ ပြောပြောဆိုဆို အိမ်ရောက်လိုရောက်မှန်းမသိ။"မောင်-
အိမ်ရောက်နေပြီ မောင်ပြန်တော့နော် ။မနက်ဖြန်စောစောလာကြိုနော်မောင်-စိတ်ချပါယု မောင်လာကြိုမှာပါ
သြော်-မောင် အိမ်ရောက်ရင် ဆေးသောက်နော်။စိတ်ချယု မောင်ပြန်မယ် ယုကိုချစ်တယ် သွားပြီနော်"
အိမ်ရောက်တော့ " သား မိုးတွေလဲဆိုလို့ပါလာ-ဟုတ်တယ်မေကြီးရ ယုကမိုးရွာထဲလမ်းလျောက်ပြန်မယ်ဆို
လို့ သြော်သားရယ် ချစ်တာကချစ်ပါ မေမေ မတားပါဘူး သားတို့ ဖျားကုန်ဦးမယ်။ကဲကဲ ရေတွေသုတ်ပြီ နွေးနွေး
ထွေးထွေးနေ ။မေမေ ကော်ဖီပူပူလေးဖျော်ခဲ့မယ်။ဟုတ်မေမေ။
ဟဲ့ သားဘာတွေစဉ်းစားနေတာလဲ -သြော် ယုအကြောင်စဉ်းစားနေတာမေမေ- ဘာများလဲသားရဲ့ 
ယုကသားကိုသူကျောင်းပြီးတာနဲ့ လက်ထပ်ကြမယ်တဲ့ ။သားကမေမေတို့ကိုပြောကြတာပေါ့လိုပြောထားတယ်။
အဲဒါမေမေကိုပြောမလို့ ညမှပြောမလို -မေမေလာတာနဲ့ပြောလိုက်တာမေမေ -သားတို့က အခုချိန်ကငယ်သေး
တယ်သားရဲ့  စာကိုကြိုးစားသင့်တယ်လေ ။ကျောင်းပြီးရင် မေမေကစီစဉ်ပေးမှာပေါ့။ယုမိဘတွေနဲ့ တိုင်ပင်ပြီ
ယုလေးက လိမ်မာမှုရှိပါတယ်။မေမေလဲသမီးလေးတစ်ယောက်လိုချစ်ပါတယ်။ယုကိုပြောလိုက် မေမေကိုယ်တိုင်
လာတောင်ပေးမှာလို့။ယုမိဘတွေကလဲသားကို သဘောကျပါတယ် ။ကျောင်ပြီးရင်လက်ထပ်ပေးဖို့ ပြောထား
တယ်သာ။သားကော်ဖီတောင် အေးကုန်ပြီ ရော့သောက်လိုက်ဦး။
ကဲ သားတို့ ကိစ္စ မေမေစီစဉ်ပေးမယ် ။သားကအင်ဂျင်နီယာဖြစ်အောင်ကြိုးစား ဟုတ်ပြီလား မေမေသွားမယ်"
မေမေ အာဘွား။ဟဲဟဲ--------------------
ကျောင်းသွားချိန်ရောက်တိုင်းမြင့်မောင်မောင်တစ်ယောက် ယုကို ၀င်ခေါ်၏။ကျောင်းပြန်တိုင်းအတူပြန်
ကြ၏။တနေ့ ကျောင်းကအပြန် မိုးကသဲသဲမဲမဲရွာနေ၏။ယုပြန်ရဲလား ထီးယူသွား မိုးချုပ်လိမ့်မယ် -မောင်ကရော
မောင်ကအိမ်ကနီးတယ် မောင်မလိုက်ပို့တော့ဘူးနော်ယု-မောင် လိုက်ခဲ့  နှစ်ယောက်အတူဆောင်းမယ်
လာပါ- မိုးကသည်းတာကြောင့် ယုကိုမစိုအောင်ဆောင်းပေး၏။ယုအိမ်ရောက်ပြီးချက်ချင်းပြန်လာ၏။
အိမ်ရောက်တော့ရေချိုးပြီး ညနေစောင် အိပ်လိုက်၏။
အား-------------------------------------------------------------ကျယ်လောင်စွာအော်လိုက်၏။
မေမေပြေးတက်လာ၏ သားဘာဖြစ်တာလဲ မေမေ သားအိပ်မက်မက်နေတာမေမေ -အိပ်မက်ထဲမှာ
ကုန်တင်ကားကြီးတစ်စီးကကောင်မလေးတစ်ယောက်ကို တိုက်ပစ်တယ်။ကောင်မလေးကယုနဲ့တူတယ်မေမေ။
သားရယ် ဘာမှမဖြစ်ပါဘူး- အိပ်မက်ဆိုတာအစွဲကြီးရင်မက်တတ်တယ်သားရဲ့ -ကဲ လာထမင်းစားရအောင်
မေမေလက်ရာထမင်းကိုမြိန်ရေရှက်ရေစာပြီး မေမေရှိရာဧည့်ခန်းကိုထွက်လာခဲ့၏။
မေမေအိပ်မက်ကထူဆန်တယ်နော်မေမေ။သားတခါမှမမက်ဖူးဘူး။ သားကလဲ ကွယ် ဖြစ်တတ်ပါတယ်-
သားခဏနေရင်စာကျက်တော့နော်စာမေးပွဲကနီးနေပြီ။ဟုတ်မေမေ----- မြင့်မောင်မောင်တစ်ယောက်စာကျက်နေ၏။ညအမှောင်သည်ပိုပြီးမှောင်လာ၏။လေပြင်းများတိုက်နေ၏။
ညအမှောင်မှာဒုတိယအကြိမ် ချွေးသီးများကျအောင် တုန်လှုပ်ချောက်ချားစွာ အိပ်မက်ဆိုးကြီးမက်ပြန်၏။မေမေ
ကသားအော်သံကြားလို့ တက်လာဟန်တူ၏။မေမေသားခုဏကအိပ်မက်ပြန်မက်နေတယ် မေမေက ပါစပ်မှ
ရေရွက်နေ၏-သမီးလေးယု ဘေးမသိရန်မခပါစေနဲ့--ရေတိုက်ပြီးမေမေကစောင်ခြုံပေးပြီးအိပ်ရန်ပြောပြီးပြန်
ထွက်သွားသော်လည်းအိပ်မပျော် ယုကိုတာ စိုးရိမ်စိတ်ပေါ်နေ၏။ကျောင်းသွားလျှင်ယုကိုဂရုစိုက်ရန်
တွေးမိနေ၏။
နေစဉ်ယုကိုဂဂုတစိုက် ကျောင်သွားကျောင်းပြန်ပို့ကြိုပြီ ယုကိုအိပ်မက်အကြောင်းမပြောပြဖြစ်ခဲ့။
အိပ်မက်မက်ပြီးတပါတ်အကြာမှာ ထပ်မက်ပြန်၏။မေမေကိုပြောပြဖြစ်ခဲ့မိပြန်၏။မေမေကသာမာန်မဟုတ်တော့
ဘူးလို့ပြော၏။မနက်ကျရင်မခင်ရီကိုပြောပြမှဖြစ်မယ်သား-
အဲဒီနေ့ ယုကျောင်းကအပြန်ကျူရှင်လိုက်ပို၏။မြင့်မောင်မောင်က လဲကျူရှင်သွား၏။ယုကိုပြန်လာမှအပြင်ထွက်ခဲ့
နော်။မောင်စကားနားထောင်နော်-အင်ပါမောင်ရယ် နောက်ကျနေမယ်သွားတော့နော်။----
ကျူရှင်ကပြန်လာချင်ပင်ယုထံလာခဲ့၏ -သိုသော် ယုက စကားနားမထောင်ကားလမ်းဘေးရောက်နေ၏။
ယုကိုလှမ်းမြင်ပြီးလက်ပြလိုက်၏။-ယု မကူးလာနဲ့ မောင်လာခဲ့မယ် မလာနဲ့နော်-အင် လမ်းမှာကားတွေက
တစ်စီးပြီးတစိစီးလာနေ၏။မပြောမဆို ယုက ပြေကူးလာ၏။ကျွီ------၀ုန်း-- အသံစီသို့ ပြေလာမိ၏။
သို့သော် ယုသည်သွေးအိုင်ထဲမှာ လဲနေ၏။ယုကိုပွေ့ လိုက်ပြီး-
-------ယုရယ်မလာခဲ့နဲ့လိုပြောသားနဲ့ဘာလို့ ပြေးလာတာလဲပြောထားရက်နဲ့-မောင်၇ယ်ယုက မောင့်စီကို
ပြေလာတာမဟုတ်ဘူးမောင်-ယုစိတ်ထဲမှာမောင်ကယုကိုလက်ပြခေါ်နေတာ ။ အဲဒါကြောင်ပြေလာမိတာ--
မောင့်မှာအပြစ်မရှိပါဘူးမောင်ရယ်-မောင် ယုလေ မောင့်ကိုအရမ်းချစ်တယ်---မောင်လိမ်လိမ်မာမာနေခဲ့နော် --------------ရုတ်တရက်
မိုးဖွဲလေးတွေကျလာ၏။မောင်ယုမရှိရင်မိုးရွာထဲလမ်းမလျှောက်နဲ့တော့နော်- ယုသွားတော့မယ် ---မောင်---- ဆေးရုံကားရောက်လာ၏။
သို့သော်ယုသည်လည်းကောင်။ကောင်လေးချစ်သူကောင်မလေးသည် လည်းကောင်းမိုးရွာထဲမှာအိပ်ပျော်နေ
ခဲ့လေပြီ--
ကျောင်ဖွင်ချိန်မိုးရွာသီမိုးရွာချိန်တိုင်းကောင်လေးတစ်ယောက် ထီးတစ်ချောင်းကိုလက်ကကိုင်ပြီး----တစ်စုံတစ်
ယောက်ကိုမျှော်နေ၏။သို့သော် ---------------------။
sunday

1 comment:
May is Chan Chan enemy. Not Chan Chan friend.
Post a Comment